11/04/2008

ဥစ္ဆေဒ ဒိဌိ၊ သဿတဒိဌိ (လယ်တီဆရာတော်)

• နာမ်တရား၊ ရုပ်တရားနှစ်ပါးလုံးကိုပင် အတ္တ-ဇီဝဟု ယူသော ဒိဌိတစ်မျိုး။
• နာမ်တရားကိုသာ အတ္တ-ဇီဝ ဟုယူသော ဒိဌိတစ်မျိုး။
• နာမ်-ရုပ်တရားတို့မှ အလွတ်အသီးအခြားဟု ယူသော ဒိဌိတစ်မျိုး။
နာမ်-ရုပ်တရားကို အတ္တ-ဇီဝဟု ယူရာ၌ အတ္တဇီဝသည် တစ်သက်လုံး တစ်ဘ၀လုံး အခိုင်အမြဲတစ်ခုတည်း အဖြစ်နှင့် တည်နေသကဲ့သို့၊ ရုပ်-နာမ်သည်လည်း တစ်သက်လုံး တစ်ဘ၀လုံးတစ်ခုတည်း အဖြစ်တည်နေသည်။ ဘ၀ဆုံး၍ ကမ္မဇရုပ်ချုပ်ပျက်ရာတွင်မှ ရုပ်-နာမ်
အတ္တဇီဝပျောက်ဆုံးသည်ဟု ယူသည်ကား - ဥစ္ဆေဒဒိဌိတည်း။
ရုပ်ကား - အတ္တဇီဝမဟုတ်။ နာမ်သည်သာ အတ္တဇီဝဖြစ်သည်။ စုတိကမ္မဇရုပ်ချုပ်ပျက်၍ သေဆုံးရာ၌ ရုပ်သည်သာ ချုပ်ဆုံးသည်။ အတ္တဇီဝ ဟုဆိုအပ်သော နာမ်သည်ကား ချုပ်သည်ဟူ၍ မရှိရုပ်ခန္ဓာတစ်ခု ချုပ်ဆုံးလျှင် - ဘ၀တစ်ပါးသို့ ပြောင်းကူး၍ ရုပ်ခန္ဓာအသစ်တစ်ခု တည်ထောင်၍ နေသည်ဟု ယူဆသည်ကား - သဿတဒိဌိတည်း။
အတ္တ-ဇီဝသည် ရုပ်ခန္ဓာ-နာမ်ခန္ဓာတို့မှ အလွတ်အသီးအခြားတည်းဟု ယူရာ၌လည်း တစ်ဘ၀မှာ တစ်ခါ တစ်ခါပျက်ဆုံးသည်ဟု ယူဆသည်ကား ဥစ္ဆေဒ ဒိဌိတည်း။ ရုပ်ခန္ဓာ - နာမ်ခန္ဓာသည်သာ တစ်ဘ၀တွင် တစ်ခါ တစ်ခါပျက်ဆုံးသည်။ ရုပ်ခန္ဓာ - နာမ်ခန္ဓာမှ အလွတ် တစ်ခြားတစ်ပါးဖြစ်သော အတ္တဇီဝမူကား ပျက်ဆုံးသည် မူ၍ မရှိဟု ယူဆသည်ကား - သဿတဒိဌိပေတည်း။
မှတ်ရန် - ဥစ္ဆေဒဒိဌိကား - တစ်ဘ၀လျှင် တစ်ခါတစ်ခါ အတ္တဇီဝချုပ်ပြတ်သည်။ နောက်ဘ၀တွင် အတ္တအသစ် ဇီဝအသစ်တည်ထောင်၍ သံသရာမှာ ကျင်လည်သည်ဟု ယူ၏။
နတ္ထိက အဟေတုက အကြိယဒိဌိကြီးများမူကား - ပုဂ္ဂိုလ်သတ္တ၀ါ- အတ္တ- ဇီဝမည်သည် တစ်ဘ၀သာရှိသည်။ ရှေးဘ၀မှ ပြောင်းလာသည်လည်းမရှိ။ နောက်ဘ၀သို့ ပြောင်းသည်လည်း မရှိ။ ပစ္စပ္ပုန်ဘ၀ချုပ်ဆုံးလျှင် အပြီးတိုင်ချုပ်ဆုံးသည်။
မကောင်းမှုကို ပြုသော်လည်း နောင်ဘ၀တွင် ဒုက္ခအကျိုးခံစားရသည် ဟူ၍မရှိ။ ကုသိုလ်ပြုသော်လည်း ချမ်းသာခံစားရကျိုး မရှိဟု ယူကြသည်။

2 comments:

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

ကုလားတွေက နအဖနဲ့ ဒီမို နှစ်ဖက်စလုံးကို ညာပေါင်းပြီးခွစား လုပ်နေပါတယ်။ တကမ္ဘာလုံးမှာ ကုလားတွေ ဒုက္ခပေးနေတာကို အားလုံးမြင်နေကြတာပဲ။ အဲဒါကို လုံးဝဂရုမစိုက်ပဲ ဒီမိုနဲ့ နအဖတွေဟာ ကုလားတွေနဲ့ပေါင်းပြီး သူတို့ နိုင်ငံရေး အကျိုးအမြတ်ကိုပဲ ကြည့်နေပါတယ်။ နအဖက ကုလားတွေနဲ့ ပေါင်းပြီး ရွေးကောက်ပွဲကို ကလိမ်ကကျစ်လုပ်နေပါတယ်။ ဒီမိုသမား မဗေဒါဟာ ကုလားမ တစ်ယောက်ကို နိုင်ငံရေး ဇတ်ခုံပေါ်မှာ နေရာရအောင် ကူညီပေးနေပါတယ်။ ကုလားကို မြှောက်ပင့်နေတဲ့ မဗေဒါလုပ်ရပ်ကို ကော်မန့်ကနေ ဆန့်ကျင်ပေးကြပါရန် မေတ္တာရပ်ခံပါတယ်။

http://mabaydar88.blogspot.com/2010/09/blog-post_3555.html


ကုလားကိုထိရင် ဆတ်ဆတ်ထိမခံသူများကို ဆန့်ကျင်နေသည့်
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★

Unknown said...

ဖတ်မရ